———————————-
၂၀၂၄ခုနှစ်၊နိုဝင်ဘာလ၊(၁၃)ရက်
ရွှေရောင်းဝယ်မယ့်သူတွေအနေနဲ့ အခုလထဲမှာ ရွှေရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း
လိုင်စင်လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။
အဲဒီ့လိုင်စင်ကို နိုဝင်ဘာလ(၁၈)ရက်မှစတင်လျှောက်ထားနိုင်ပြီး အခွန်ကင်းရှင်းကြောင်းထောက်ခံချက်နဲ့ အခြားသတ်မှတ်ချက်တွေပါဝင်ရမှာ ဖြစ်ပါတယ်။
လိုင်စင်မရှိဘဲ ရွှေရောင်းဝယ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုပုဒ်မ(၅)နဲ့အညီ အရေးယူခံရနိုင်ပြီး တိုင်းနဲ့ပြည်နယ်အသီးသီးရှိ သတ္တုဦးစီးဌာနရုံးတွေမှာ ရုံးချိန်အတွင်းလိုင်စင်လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။