၂၀၂၄၊နိုဝင်ဘာလ(၁၂)ရက်
တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ လေညာသစ်တောကြိုးဝိုင်းအတွင်းမှာ ရှားပါးမျိုးစိတ်တွေကျက်စားတဲ့ဘုရားထံ (ဌာန်)ထုံးကျောက်တောင်ဂူကို အလျှင်အမြန်ထိန်းသိမ်းရေးလုပ်ဆောင်ဖို့လိုအပ်နေတယ်လို့ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေး (BANCA) အဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။
ဘုရားထံ(ဌာန်)ထုံးကျောက်လှိုဏ်ဂူဟာ မျိုးသုဉ်းမည့်အန္တရာယ်နဲ့ရင်ဆိုင်နေရတဲ့ ငှက်မျိုးစိတ်တွေဖြစ်တဲ့တောင်ငုံးရင်မည်း၊ အောက်ချင်း၊ အောင်လောင်၊ အောက်ချင်းမြီးရှည် (ငှက်မင်းသား)မျိုးစိတ် တွေကျက်စားတဲ့နေရာတစ်နေရာဖြစ်ပါတယ်။
အဲလို ရှားပါးမျိုးစိတ်တွေများစွာရှိတဲ့ဂူနားပတ်ဝန်းကျင်အထိ အဆောက်အဦးတွေချဲ့ထွင်လာတာ၊ ခဲမိုင်းအလွန်အကျွံ့တူးဖော်တာနဲ့ သစ်ထုတ်လုပ်တာတွေကြောင့် ပျက်စီးတာတွေ ဖြစ်ပေါ်နေတဲ့အတွက်ထိန်းသိမ်းရေးလုပ်ငန်းတွေဆောင်ရွက်ဖို့လိုအပ်နေတယ်လို့ဆိုပါတယ်။
ဘုရားထံ(ဌာန်)ထုံးကျောက်လှိုဏ်ဂူဟာ ရှားပါးငှက်မျိုးစိတ်တွေအပြင် ဆင်နဲ့ကျားတို့လို နို့တိုက်သတ္တဝါ မျိုးစိတ်တွေအတွက်လည်းမှီခိုနေထိုင်ရာဂေဟစနစ်တစ်ခုအဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။