၂၀၂၄၊နိုဝင်ဘာလ၊၉ရက်
ဆော်ဒီကလပ် အယ်ဟီလယ်အသင်းဟာ နာမည်ကျော်ဘောလုံးသမား နေမာနဲ့ လက်ကျန်စာချုပ်ကို ဖျက်သိမ်း ဖို့ စဉ်းစားလာပါတယ်။
ACL ဒဏ်ရာကြောင့် ကြာလရှည် အနားယူခဲ့ရတဲ့ နေမာဟာ အသင်းအတွက် ပြန်ကစားပေးတဲ့ ဒုတိယပွဲမှာပဲ တံကောက်ကြောဒဏ်ရာထပ်ရသွားလို့ နောက်ထပ် တစ်လကြာ အနားယူရဖို့ ဖြစ်လာချိန်မှာ အယ်ဟီလယ် အသင်းဘက်က အခုလို စဉ်းစားလာတာဖြစ်ပါတယ်။
အယ်ဟီလယ်ဟာ ပီအက်စ်ဂျီကနေ နေမာကို ခေါ်ယူစဉ်က ပြောင်းရွှေ့ကြေးအပါအဝင် စုစုပေါင်း ယူရိုသန်း ၅၀၀ လောက်အထိ အယ်လ်ဟီလယ်က ကုန်ကျခဲ့တာဖြစ်ပေမဲ့ အခုချိန်မှာတော့ စာချုပ်ဖျက်သိမ်းဖို့ပါစဉ်းစားလာတာဖြစ်ပါတယ်။