———————————-
၂၀၂၄ခုနှစ်၊နိုဝင်ဘာလ၊(၈)ရက်
မော်လမြိုင် ဆီဆိုင်မီးလောင်မှုဖြစ်စဉ်မှာပေါက်ကွဲမှုထပ်ဖြစ်လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်(၂၀)ကျော်ဆေးရုံရောက်ပြီး ကုသနေရတယ်လို့ အေးမြကြည်လင်လူမှုကယ်ဆယ်ရေးအဖွဲ့မှ သိရပါတယ်။
ကနဦးအနေနဲ့မီးသတ် (၇)ဦး ၊ လူမူကယ်ဆယ်ရေး (၁၄)ဦး၊ ပြင်ပ (၁) ၊ ဒဏ်ရာရသူ ထပ်စီစစ်နေဆဲဖြစ်ပါတယ်။
ဒဏ်ရာရရှိသူတွေမှာမီးသတ် (၈)ဦး၊ ဘိုဘိုဝင်း Rescue အဖွဲ့ မှ (၃)ဦး ၊ရွှေနတ်တောင် Rescue အဖွဲ့ မှ (၅)ဦး၊မေဓါရာမ အဖွဲ့ မှ (၁) ဦး၊အေးမြကြည်လင်အဖွဲ့ (၁)ဦး၊ဖေးမကူညီအဖွဲ့ မှ (၂)ဦး
မင်းသန့်ဆီဆိုင် မှ (၂) ဦးပါဝင်တယ်လို့ ဒေသခံတွေ ကဖော်ပြထားပါတယ်။
နိုဝင်ဘာ(၇)ရက်၊ညပိုင်းမှာ ၁၇ နာရီ၂၀မိနစ်အချိန်ခန့်မှာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရိုးဂိုးကျေးရွာမှာ ဆီဘောက်ဆာယာဉ် (၁)စီး မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး မွန်ပြည်နယ်အတွင်းရှိ မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်(၆)စီး၊ မီးသတ်ရေသယ်ယာဉ်(၈)စီး၊ Foam မီးငြှိမ်းသတ်ယာဉ်(၄)စီး တို့ဖြင့် ထွက်ခွာငြှိမ်းသတ်ကာ၂၁ ၅၅ အချိန် မီးငြိမ်းသွားတယ်လို့ သိရပါတယ်။