Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရန်ကုန်တိုင်းနှင့်ဒေသ(၁၀)ခုမိုးကြီးပြီး လေပြင်းတိုက်နိုင်

——————————————

၂၀၂၄ခုနှစ်၊နိုဝင်ဘာလ၊(၇)ရက်

အခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းနဲ့ဒေသ(၁၀)ခုမှာမိုးကြီးပြီး လေပြင်းတိုက်နိုင်တယ်လို့ သိရပါတယ်။

လေပွေလှိုင်း‌တွေ၊ လေအေးနဲ့လေနွေးတွေ့ဆုံမှုနဲ့လေထုမငြိမ်မသက်မှုတွေကြောင့် ဖြစ်ပေါ်ရတာဖြစ်ပြီး နိုဝင်ဘာလ(၇)ရက်မှ နိုဝင်ဘာလ (၈) ရက်နေ့အထိ မိုးကြီးခြင်းနဲ့အတူလေပြင်းတိုက်ခတ်ဖို့ ရှိနေတာဖြစ်ပါတယ်။

ရန်ကုန်တိုင်း၊နေပြည်တော်၊ပဲခူးတိုင်း၊ဧရာဝတီတိုင်းနဲ့ ရှမ်းပြည်နယ်တို့မှာ ဒေသအလိုက် မိုးကြီးဖို့ရှိပြီးစစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်း ၊ မကွေးတိုင်း ၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။

မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေနဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းလျက်ရှိပြီး အဲဒီ့ မိုးတိမ်တောင်တွေကြောင့် ရွေ့လျားရာနေရာတစ်လျှောက်မှာ မိုးရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးသီးကြွေခြင်းတွေဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားပါတယ်။