Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အမေရိကန်ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့်အနိုင်ရရှိနေ

——————————————————-

၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ၊(၆)ရက်

အမေရိကန်နိုင်ငံရဲ့ရွေးကောက်ပွဲမှာ သမ္မတနေရာကိုဒေါ်နယ်ထရမ့်နဲ့ကာမလာဟဲရစ်တို့အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြပြီး ဒေါ်နယ်ထရမ့် အနိုင်ရ‌နေတယ်လို့ သိရပါတယ်။

အနိုင်ရဖို့မဲရလဒ်၂၇၀ရရှိဖို့လိုအပ်ပြီး မဲပေးမှုပထမပိုင်းမှာ ဒေါ်နယ်ထရမ့်က ဦးဆောင်မဲအသာခဲ့ပြီး နိုဝင်ဘာ(၆)ရက်နေ့လည်ပိုင်းမှာ ဒေါ်နယ်ထရမ့်ကမဲရလဒ် ၂၆၇ နဲ့ ကာမလာဟဲရစ်ကမဲရလဒ် ၂၂၄နဲ့ အနိုင်ရရှိ‌နေခဲ့တာဖြစ်ပါတယ်။

အမေရိကန်ရွေးကောက်ပွဲသမိုင်းမှာ ၂၀၁၆ခုနှစ်က ဟီလာရင်ကလင်တန်ကမဲရလဒ်(၂၂၇)၊ ဒေါ်နယ်ထရမ့်က မဲရလဒ်(၃၀၄) နဲ့ ဒေါ်နယ်ထရမ့်အနိုင်ရခဲ့ပြီး ၂၀၂၀မှာ ဂျိုးဘိုင်ဒန်ကမဲရလဒ်(၃၀၆)၊ဒေါ်နယ်ထရမ့်ရဲ့မဲရလဒ်(၂၃၂)နဲ့ ဂျိုးဘိုင်ဒန်က အနိုင်ရရှိခဲ့တာ ဖြစ်ပြီး အခု၂၀၂၄ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်က အနိုင်ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သမ္မတလောင်းအဖြစ်အနိုင်ရရင်ဒေါ်နယ်ထရမ့်ဟာ ၂၀၂၄ခုနှစ်ကနေ၂၀၂၈ခုနှစ်အထိ သမ္မတတာဝန်ထမ်းဆောင်ရတော့မှာဖြစ်ပါတယ်။

Oplus_0