Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရှမ်းရိုးရာ ကထိန်ဆင်ဆွဲပွဲတော်(၃)ရက်တိုင်တိုင်ကျင်းပမည်

————————————————

၂၀၂၄ခုနှစ်၊နိုဝင်ဘာလ၊(၂)ရက်

ရှမ်းတိုင်းရင်းသားတို့ရဲ့ ရိုးရာပွဲတော်တစ်ခုဖြစ်တဲ့ ရှမ်းရိုးရာကထိန်ဆွဲပွဲတော်ကို ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းယုမြို့မှာ ကျင်းပဖို့ရှိတယ်လို့ သိရပါတယ်။

ကထိန်ဆင်ဆွဲပွဲတော်ကိုနိုဝင်ဘာလ(၅)ရက်ကနေ(၇)ရက်အထိ မိုင်းယုမြို့၊မြို့မရပ်ကွက်မှာ ဒေါင်းယုကျေးရွာ မှာကျင်းပဖို့ရှိပါတယ်။

ဆင်ဆွဲပွဲတော်ကို တစ်နှစ်ကို တစ်ရွာစီ ကျရာရပ်ကွက်၊ကျေးရွာတွေက တိုင်းရင်းသားတွေကအစုအဖွဲ့ အလိုက် ဆင်ရုပ်တွေကြိုတင်ပြင်ဆင်ထားရပြီးလှူဒါန်းမယ့်ပစ္စည်းဝတ္ထုတွေကိုတင်ဆောင်ကာ အလှဆင်ထားတဲ့ ဆင်ရုပ်တွေကို ကြိုးနဲ့ချည်ဆွဲပြီး ရွာတွင်းလှည့်လည်ပြသကာ ကျောင်းတိုက်တွေကို သွားရောက်ပို့ဆောင် လှူဒါန်းကြတဲ့ဓလေ့လည်းဖြစ်ပါတယ်။

အဲဒီ့ဓလေ့ကို ဒေသဖွံ့ဖြိုးဖို့၊ဆန်ရေစပါးပေါကြွယ်ဝဖို့၊စီးပွားလာဘ်လာဘပေါကြွယ်ဝဖို့၊ သဘာဝဘေးအန္တရာယ်မှ ကင်းဝေးဖို့ရည်ရွယ်ပြီး တစ်နှစ်တစ်ကြိမ်ကျင်းပလေ့ရှိတယ်လို့ သိရပါတယ်။