—————————
၂၀၂၄၊အောက်တိုဘာလ၊(၃၁)ရက်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံငွေကြေးဈေးကွက်မှာ အောက်တိုဘာ (၃၀)ရက်က အမေရိကန်ဒေါ်လာ(၉)သန်းခွဲကျော်နဲ့ ဘတ်သန်း (၁၅၆)ကို ရောင်းချပေးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း စက်သုံးဆီ၊ စားသုံးဆီလုပ်ငန်းရှင်တွေအတွက် အမေရိကန်ဒေါ်လာနဲ့ ဘတ်ငွေတွေရောင်းချပေးခဲ့တာဖြစ်ပါတယ်။
အခုနှစ်အတွင်း ဧပြီလကနေ အောက်တိုဘာလအထိ ခုနစ်လအတွင်း စက်သုံးဆီ၊ စားသုံးဆီနဲ့ သွင်းကုန်လုပ်ငန်းရှင်တွေအတွက် အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော်ထုတ်ရောင်းပေးထားတယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနေ သိရပါတယ်။