Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

လှိုင်းဘွဲမြို့နယ်မှာ နေအိမ်အတွင်း၌မီးလုံးတက်ဆင်ရာမှဓာတ်လိုက်သေဆုံး

၂၀၂၄၊အောက်တိုဘာလ၊၃၀ရက်

လှိုင်းဘွဲမြို့နယ် ၊ကွမ်းတာကုန်းကျေးရွာမှာ နေအိမ်အတွင်း၌မီးလုံးတက်ဆင်ရာမှ အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(လှိုင်းဘွဲမြို့နယ်)ရုံး ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

နိုဝင်ဘာလ (၂၉)ရက်နေ့ ညနေ (၃:၄၅)အချိန်ခန့်မှာ ကွမ်းတာကုန်းကျေးရွာက အမျိုးသားတစ်ဦး က နေအိမ်အတွင်းက မီးလုံးကို တပ်ဆင်နေချိန်မှာ မတော်တဆ ဓာတ်လိုက်ပြီး နေရာတွင် သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

သေဆုံးသူ အမျိုးသားရဲ့ DBကို တော့ လှိုင်းဘွဲပြည်သူ့ဆေးရုံကနေ တဆင့် ကွမ်းတာကုန်းက နေအိမ်ကို ပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

ဓါတ်ပုံ-မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(လှိုင်းဘွဲမြို့နယ်)