Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အိန္ဒိယ-မြန်မာပူးပေါင်းပြီး အာယုဗေဒပညာရပ်တိုးတက်အောင်ဆောင်ရွက်ရန်ရှိ

———————————

၂၀၂၄ခုနှစ်၊အောက်တိုဘာလ၊(၃၀)ရက်

အိန္ဒိယ-မြန်မာနှစ်နိုင်ငံအကြား အာယုဗေဒ ပညာရပ် သင်ကြားရေးနဲ့သုတေသနနယ်ပယ်တွေကို ဆက်လက်ပူးပေါင်းဆောင်ရွက်သွားဖို့ရှိတယ်လို့ သိရပါတယ်။

အဲဒီလို ဆက်လက်ပူးပေါင်းဆောင်ရွက်မယ့်အကြောင်းကို(၉)ကြိမ်မြောက် အာယုဗေဒနေ့ အထိမ်းအမှတ် အခမ်းအနားမှာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးကထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးက အိန္ဒိယနိုင်ငံအနေဖြင့် အာယုဗေဒဆေးဝါး ပညာရပ်နဲ့ ပတ်သက်လို့Shangi Cooperation organization နှင့် BIMSTEC အဖွဲ့ဝင်နိုင်ငံတွေနဲ့လည်း အသိပညာများမျှဝေပြီး ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံအကြား အာယုဗေဒ ပညာရပ်သင်ကြားရေးနှင့် သုတေသနနယ်ပယ်များတွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အာယုဗေဒ ဆေးပညာရပ်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်းငါးထောင်ခန့်မှ စတင်ပြီး ကျင့်သုံးခဲ့သော ရိုးရာ တိုင်းရင်းဆေးဆိုင်ရာပညာရပ်တစ်ခုဖြစ်ကာ စိတ်နှလုံးနှင့် ခန္ဓာကိုယ် ကျန်းမာရေး သမမျှတအောင် ဆောင်ရွက်ခြင်းဖြစ်တယ်လို့ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်ဝန်ကြီးကလည်း ထည့်သွင်းပြောကြားထားပါတယ်။