Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

TikTok ကို တည်ထောင်သူ တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာ

၂၀၂၄၊အောက်တိုဘာလ၊၃၀ရက်

နာမည်ကြီး Appတစ်ခုဖြစ်တဲ့ TikTok ကို စတင် တည်ထောင်ခဲ့တဲ့ အသက် ၄၁ နှစ်အရွယ် ကျောင် ယီမင်းဟာ တရုတ်နိုင်ငံ ရဲ့ လက်ရှိအချမ်းသာဆုံးသူ ဖြစ်လာပါတယ်။

ကျောင် ယီမင်းဟာ ယခင်က ဆော့ဖ်ဝဲအင်ဂျင်နီယာတစ်ဦးဖြစ်ပြီး လူသန်းထောင်ချီအသုံးပြုနေတဲ့ နာမည်ကျော် အွန်လိုင်းပလက်ဖောင်းတွေ ၊TikTok နဲ့ Douyin app တွေ ဖန်တီးတဲ့ ByteDance ကုမ္ပဏီတည်ထောင်သူလည်းဖြစ်ပါတယ်။

လက်ရှိမှာ တရုတ်နိုင်ငံမှာ ကျောင် ယီမင်း က ဒေါ်လာ ၄၉.၃ ဘီလျံ နဲ့ အချမ်းသာဆုံးဖြစ်နေပြီး သူ့နောက်မှာ Nongfu Spring ဖျော်ရည်နဲ့ အချိုယမကာလုပ်ငန်းသူဌေး ကျုံရှန်းရှန်က ဒေါ်လာ ၄၇.၉ ဘီလျံနဲ့ ဒုတိယ၊ Tencent CEO ပိုနီမား ဟွာတန် က ဒေါ်လာ ၄၄.၄ ဘီလျံ နဲ့ တတိယနေရာမှာ အစဉ်အတိုင်း ရပ်တည်နေပါတယ်။