၂၀၂၄၊အောက်တိုဘာလ၊၃၀ရက်
စပို့တင်းလစ်ဘွန်း နည်းပြ ရူဘင်အမော်ရင်ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ နည်းပြသစ်ဖြစ်လာတော့မှာဖြစ်ပြီး ချဲလ်ဆီးနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ စတင်ကိုင်တွယ်ဖို့များနေတယ်လို့ သိရပါတယ်။
စပို့တင်းလစ်ဘွန်းအသင်းဘက်က နည်းပြအမော်ရင်ကို မန်ချက်စတာယူနိုက်တက်အသင်းက လျော်ကြေးယူရို ၁၀သန်း ပေးကာ ခေါ်ယူသွားခဲ့ကြောင်း တရားဝင်ထုတ်ပြန်ထားပါတယ်။
အမော်ရင်ဟာ အသက်၃၉နှစ်အရွယ် နည်းပြတစ်ဉီး ဖြစ်ပြီး စပို့တင်းလစ်ဘွန်းအသင်းနဲ့အတူ အောင်မြင်မှုတွေရခဲ့တာကြောင့် ဉရောပ ထိပ်တန်း အသင်းကြီးတွေရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရသူဖြစ်ပြီး အခုချိန်မှာ တော့ မန်ချက်စတာယူနိုက်တက်ရဲ့ နည်းပြသစ်ဖြစ်လာပြီ ဖြစ်ပါတယ်။