၂၀၂၄၊အောက်တိုဘာလ၊၂၉ရက်
မြန်မာ၊ ထိုင်း၊ လာအို နိုင်ငံများအကြား မီးခိုးငွေ့ကင်းစင်သော ဒေသဖြစ်မြောက်ရေးအတွက် နယ်စပ်ဖြတ်ကျော် မီးခိုးငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေး ကို ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှာ ဒီကနေ့ ကျင်းပနေတယ်လို့သိရပါတယ်။
အစည်းအဝေးကို သုံးနိုင်ငံ က သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြပြီး ပူးတွဲလုပ်ငန်းစီမံချက်အရ မြန်မာ၊ ထိုင်း၊ လာအို နိုင်ငံများအကြား မီးခိုးငွေ့ကင်းစင်သော ဒေသဖြစ်မြောက်ရေးအတွက် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံက နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ အာဆီယံသဘော တူညီချက် (ASEAN Agreement on Transboundary Haze Pollution- AATHP) ကို ၂၀၀၃ ခုနှစ် မတ်လ ၅ ရက်နေ့တွင် သဘောတူအတည်ပြုလက်မှတ်ရေးထိုးခဲ့ပြီး အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင် ခဲ့ပါတယ်။