၂၀၂၄၊အောက်တိုဘာလ၊၂၉ရက်
မန်ချက်စတာယူနိုက်တက်အသင်းဟာ နည်းပြအဲရစ်တန်ဟတ်ကို ရာထူးကထုတ်ပယ်လိုက်ပြီးနောက် စပို့တင်းလစ်ဘွန်း နည်းပြ ရူဘင်အမော်ရင်းကို နည်းပြသစ်ခန့်နိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။
လက်ရှိမှာ မန်ချက်စတာယူနိုက်တက်ဟာ ရူဘင်အမော်ရင်းနဲ့ နူတ်အားဖြင့် သဘောတူညီမှုရရှိထားပြီဖြစ်ပြီး စပို့တင်းလစ်ဘွန်းကိုလည်း စာချုပ်ဖျက်သိမ်းကြေးပေးချေဖို့အသင့်ရှိနေတယ်လို့ The Athleticသတင်းဌာန ကဖော်ပြထားပါတယ်။
ရူဘင်အမော်ရင်းဟာ မန်ချက်စတာယူနိုက်တက်နည်းပြသစ်ဖြစ်လာခဲ့ရင်တောင် ချဲလ်ဆီးနဲ့ကစားမဲ့ပွဲကို ကိုင်တွယ်မှာ မဟုတ်ဘဲ ယာယီနည်းပြ နစ်စတယ်ရွိုင်းကဘဲ ကိုင်တွယ်သွားမယ်လို့သိရပါတယ်။