၂၀၂၄၊အောက်တိုဘာလ၊၂၈ရက်
ဩစတေးလျ တက္ကသိုလ် UC မှ ပေးတဲ့Southeast Asia Excellence Scholarshipsဆုကို အာဆီယံနိုင်ငံအားလုံးကလျှောက်ထားခွင့်ရှိပေမဲ့ မြန်မာနိုင်ငံကိုတော့ ချန်လပ်ထားခဲ့တယ်လို့သိရပါတယ်။
Scholarshipsဆုကို အာဆီယံနိုင်ငံက ဘရူနိုင်း၊တီမောတို့လို နိုင်ငံတွေက ကျောင်းသားတွေကအစ လျှောက်ထားလို့ရပြီး ရွေးချယ်ခံရတဲ့ ကျောင်းသားတွေက ဩစတေးလျ တက္ကသိုလ် University of Canberraမှာ တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်။
Southeast Asia Excellence Scholarshipsဆုဟာ နိုင်ငံတကာက ထူးချွန်တဲ့ကျောင်းသားတွေအတွက် ပညာသင်ဆုတွေ၊ထောက်ပံ့ကြေးတွေ၊အခြားခံစားခွင့်တွေ ပါဝင်တဲ့ ဆုတစ်ဆုဖြစ်ပါတယ်။