နိုင်ငံအတွင်းရွှေဈေးနှုန်းတည်ငြိမ်မှန်ကန်စေဖို့ ရွှေရည်ညွှန်းစျေးသတ်မှတ်ရေးကော်မတီဖွဲ့စည်းလိုက်တယ်လို့ အောက်တိုဘာ ၂၄ ရက်ကထုတ်ပြန်လိုက်ပါတယ်။
အဲဒီ့ ကော်မတီကို နေ့စဥ် ရွှေရည်ညွှန်းစျေးကို တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဥ်းစည်းကမ်းတွေနဲ့အညီ သတ်မှတ်ထုတ်ပြန်နိုင်ဖို့အတွက် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးဝန်ကြီးဌာန၏ ဒု-ဝန်ကြီးအား ဥက္ကဋ္ဌအဖြစ်တာဝန်ပေးအပ်ပြီး ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
ကော်မတီအနေနဲ့ မြန်မာနိုင်ငံအတွင်း ဖြစ်သင့်ဖြစ်ထိုက်တဲ့ ရွှေရည်ညွှန်းစျေးကို နေ့စဥ် အွန်လိုင်းအစည်း အဝေးပြုလုပ်ပြီး အတည်ပြုသတ်မှတ်ထုတ်ပြန်ပေးမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ကော်မတီမှာ ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌက ဒု-ဥက္ကဌအဖြစ်တာဝန်ယူဆောင်ရွက်မည်ဖြစ်ကာ အတွင်းရေးမှူးတစ်ဦး၊ တွဲဘက်အတွင်းရေးမှူး(၂)ဦးနှင့်အဖွဲ့ဝင်(၁၀)ဦးပါဝင်ဖွဲ့စည်းထားပါတယ်။
ရွှေရည်ညွှန်းစျေးကို ပြန်ကြားရေးဝန်ကြီးဌာနနှင့်ချိတ်ဆက်ပြီး ကမ္ဘာ့ရွှေစျေးနှုန်းထူးခြားစွာပြောင်းလဲခဲ့ပါက ရွှေရည်ညွှန်းစျေးအား အချိန်နှင့်တစ်ပြေးညီ ညှိနှိုင်းထုတ်ပြန်ပေးမှာြဖစ်တယ်လို့ဆိုပါတယ်။
ကော်မတီအနေနဲ့ ရွှေစျေးနှုန်းမတည်ငြိမ်စေဖို့ ရည်ရွယ်လုပ်ဆောင်မှုတွေကို ကာကွယ်တားဆီးတာ၊ ရွှေနှင့်ငွေကြေးစျေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီ၊ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းချုပ်၊ ရန်ကုန်တိုင်း/မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်း၊ သက်ဆိုင်ရာ အသင်းအဖွဲ့တွေ၊ ကျွမ်းကျင်ပညာရှင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။