၂၀၂၄ခုနှစ်၊အောက်တိုဘာလ၊(၂၆)ရက်
နိုင်ငံတကာမော်တော်ယာဉ်မတော်တဆမှုကယ်ဆယ်ရေးစွမ်းရည်ပြိုင်ပွဲမှာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ Best Team Leader ဆုရရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရပါတယ်။
အောက်တိုဘာလ(၂၂)ရက်မှ(၂၄)ရက်အထိ မလေးရှားနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ မော်တော်ယာဉ်မတော် တဆမှုဖြစ်စဉ်ကယ်ဆယ်ရေးစွမ်းရည်ပြိုင်ပွဲ (Malaysia International Rescue Extrication Challenge-MIREC)မှာဆုရရှိခဲ့တာဖြစ်ပါတယ်။
အဲဒီ့ပြိုင်ပွဲမှာ အိမ်ရှင်မလေးရှားနိုင်ငံအပါအဝင် မကာအို၊ စင်ကာပူ၊ ဟောင်ကောင်၊ ဖိလစ်ပိုင်၊ မြန်မာ၊ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်စတဲ့နိုင်ငံပေါင်း (၉)နိုင်ငံမှအသင်း(၁၀)သင်းပါဝင်ယှဥ်ပြိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ပြိုင်ပွဲမှာ ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူ ဦးဆောင်မှုနဲ့ သွားရောက်ယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ Best Team Leader ဆုအား ဆွတ်ခူးကာ နိုင်ငံ့ဂုဏ်ဆောင် နိုင်ခဲ့တယ်လို့ သိရပါတယ်။
TC