—————————
၂၀၂၄ခုနှစ်၊အောက်တိုဘာလ၊(၂၅)ရက်
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာပြောင်းပြာချောင်းရေမြင့်တက်မှုဖြစ်ပွားခဲ့တဲ့အတွက် ရေဘေးလွတ်ရာရွေ့ပြောင်းပေးနေရတယ်လို့ မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့မှသိရပါတယ်။
အောက်တိုဘာလ(၂၅)ရက်၊မနက်၀၇ ၅၅ အချိန်ခန့်မှာပြောင်းပြာချောင်းရေမြင့်တက်မှုဖြစ်ပွားပြီး မြင်းခြံမြို့နယ်၊အမှတ်(၂) ရပ်ကွက်၊ အမှတ်(၃)ရပ် ကွက်၊ အမှတ်(၄)ရပ်ကွက်နှင့်အမှတ်(၅)ရပ်ကွက်တို့တွင် ရေဝင်ရောက်မှုဖြစ်ပွားခဲ့ပါတယ်။
အဲဒီလို ချောင်းရေမြင့်တက်လာတဲ့အတွက် မြင်းခြံခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေဟာ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အိမ်ထောင်စုတွေကို ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့တယ်လို့သိရပါတယ်။