၂၀၂၄ခုနှစ်၊အောက်တိုဘာလ၊(၂၅)ရက်
အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သားမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို မန္တလေး ပြည်ကြီးတံခွန်မြို့မရဲစခန်းက ဖမ်းဆီးပြီးအမှုဖွင့်ထားတယ်လို့နစကသတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မရမ်းကုန်းမြို့နယ်နေ ဒေါက်တာနေစိုးမောင်ကို “နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ လှုံ့ဆော်တာ၊ ဝါဒဖြန့်တာ တွေပြုမူလုပ်ဆောင်ခဲ့”လို့အောက်တိုဘာ ၂၃ ရက်က မန္တလေးပြည်ကြီးတံခွန်မြို့နယ်မှာ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင် နာရေးကို သွားရောက်ခဲ့သည့်အပြင်သေဆုံးခဲ့တာနဲ့ပတ်သက်ပြီးဝမ်းနည်းကြောင်းလူမှုကွန်ယက်မှာ ရေးသားခဲ့ပါတယ်။
ဒေါက်တာနေစိုးမောင်ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သမီး ဒေါ်ကြည်ကြည်ရွှေရဲ့ ခင်ပွန်း၊ နေရွှေသွေးအောင် (ဖိုးလပြည့်)ရဲ့ ဖခင်ဖြစ်ပြီးပြည်သူ့ကျန်းမာရေးတက္ကသိုလ်ပါမောက္ခချုပ်၊မြန်မာနိုင်ငံခြေလျင်တောင်တက်အဖွဲ့ချုပ်ဥက္ကဌတာ၀◌န်များကိုထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်