၂၀၂၄၊အောက်တိုဘာလ၊၂၃ရက်
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ပင်လယ်၊ ကျောက္ကာရွာကနေ မြိတ်မြို့သွားတဲ့ စက်လှေနစ်မြုပ်မှုမှာ အောက်တိုဘာ ၂၂ ရက်က ရုပ်အလောင်း ၉ လောင်း ထပ်တွေ့ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့တုန်းကလည်း အလောင်း ၈ လောင်း ဆယ်ယူရရှိထားခဲ့တာကြောင့် လက်ရှိမှာ စုစုပေါင်း (၁၇) လောင်း ဆယ်ယူရရှိထားပြီလို့ သိရပါတယ်။
ရေနစ်မြုပ်သေဆုံးခဲ့တဲ့ ရုပ်အလောင်းတွေထဲမှာ အသက် (၁၀) နှစ်နဲ့အောက် ကလေးငယ်ရုပ်အလောင်း ၃ လောင်းပါတယ်လို့ ဒေသခံတွေပြောကြားချက်အရသိရပါတယ်။
ဒီနေ့ အောက်တိုဘာ၂၃ရက်မှာတော့ မုန်တိုင်းသတင်းတွေကြောင့် ရှာဖွေကယ်ဆယ်ရေးတွေကို ယာယီရပ်နားထားတယ်လို့ ရှင်သန်ခြင်းပရဟိတအသင်း(မြိတ်)ထံမှ သိရပါတယ်။
ဓါတ်ပုံ-ရှင်သန်ခြင်းပရဟိတအသင်း(မြိတ်)