——————————————————–
၂၀၂၄ခုနှစ်၊အောက်တိုဘာလ၊(၂၃)ရက်
မြန်မာနဲ့ဟောင်ကောင်အမျိုးသမီးလက်ရွေးစင်အသင်းတို့ နိုင်ငံတကာ ခြေစမ်းပွဲနှစ်ပွဲကိုရန်ကုန်မြို့ မှာကျင်းပသွားဖို့ရှိတယ်လို့ သိရပါတယ်။
အောက်တိုဘာလ(၂၃)ရက်နဲ့ (၂၆)ရက်တို့မှာ ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းနဲ့ YUSCကွင်းတို့မှာ ကျင်းပဖို့ရှိတယ်လို့မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှထုတ်ပြန်ထားပါတယ်။
“ဟောင်ကောင်နဲ့ တွေ့ဆုံဖူးပေမယ့် ရလဒ်ကောင်းထပ်ယူနိုင်ဖို့ သေချာ ပြင်ဆင်ထားပါတယ်။ ကျွန်တော်တို့အသင်းဟာ ဒီနှစ်အတွင်း နိုင်ငံတကာ ပြိုင်ပွဲတွေ မရှိပေမယ့်ခြေစမ်းပွဲတွေမှာ အနိုင်ရဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်။ ပရိသတ်တွေ ကျေနပ်မှု ရစေဖို့ ကစားသမားတွေ အကောင်းဆုံး ကြိုးစားမယ်ဆိုတာ ယုံကြည်ပါတယ်။ ဟောင်ကောင်ကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေပါပြီ”လို့ မြန်မာအမျိုးသမီးလက်ရွေးစင်အသင်း နည်းပြချုပ်Tetsuro Ukiက ပွဲကြိုရှင်းလင်းပွဲမှာ ထည့် သွင်းပြောကြားခဲ့ပါတယ်။
ဟောင်ကောင် အမျိုးသမီးလက်ရွေးစင်အသင်းနည်းပြချုပ် Jose Ricardo Ramboကလည်း” မြန်မာအသင်းဟာ ခြေစွမ်းကောင်းမွန်တဲ့ အသင်းဖြစ်တာကြောင့် ကျွန်တော်တို့အတွက် အကျိုးရှိစေမယ့် ခြေစမ်းပွဲဖြစ်ပါတယ်။ ကျွန်တော်တို့အသင်းမှာလည်း ပြည်ပထွက်ကစားနေတဲ့ ကစားသမားအချို့ပါဝင်လာပါတယ်။ အသင်းကို တည်ဆောက်ရာမှာ အတွေ့အကြုံရှိသူရော လူငယ်ကစားသမားတွေကိုပါ ထည့်သွင်းရွေးချယ်ထားပါတယ်။ မတူညီတဲ့ ကွင်းနှစ်ကွင်းမှာ ကစားရမှာ ဖြစ်ပေမယ့် အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားပါတယ် “လို့ ပြောကြားခဲ့ပါတယ်။