၂၀၂၄ခုနှစ်၊အောက်တိုဘာလ၊(၂၃)ရက်
ဆာဒူးကြီးဆေးဝါးနှင့်ဘီလူးငါးကောင်အမျိုးသားအားတိုးဆေးနှစ်မျိုးဟာ အနောက်တိုင်းဆေးရောနှောပြီး စံမညီဆေးဝါးဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်လိုက်ပါတယ်။
အဲဒီ့ဆေးနှစ်မျိုးဟာတိုင်းရင်းဆေးမှတ်ပုံတင်နဲ့ တိုင်းရင်းဆေးလိုင်စင်ရရှိထားပေမယ့်လည်း ဈေးကွက်ထဲမှာ တိုင်းရင်းဆေးမှတ်ပုံတင်စဉ်ကဖော်ပြထားတဲ့ဆေးဖုံ၊ဖော်စပ်နည်းအတိုင်းမဟုတ်ဘဲ ဖော်စပ်ထားတဲ့အတွက် စံမညီတိုင်းရင်းဆေးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒီ့အပြင်သတ်မှတ်ချက်(၁၀)ချက်ပြည့်စုံမှန်ကန်မှုမရှိတာ၊ဓာတ်ခွဲစစ်ဆေးချက်အရ အနောက်တိုင်းဆေး Sildenafilပါဝင်နေတာကိုစစ်ဆေးတွေ့ရှိရတဲ့အတွက် စစ်မှန်တဲ့အစွမ်းထက်မှုကို အာမခံချက်မပေးနိုင်သော ကြောင့်အများပြည်သူသုံးစွဲရန်မသင့်လျော်ကြောင်းအသိပေးထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
မှတ်ပုံမတင်ထားတဲ့တိုင်းရင်းဆေးတွေ၊ဆေးဝါးအတုတွေ၊စံမညီတိုင်းရင်းဆေးတွေ၊အများပြည်သူသုံးစွဲရန်မသင့်လို့ ကြေညာထားတဲ့တိုင်းရင်းဆေးတွေတင်သွင်းရောင်းချဖြန့်ဖြူးပါကတိုင်းရင်းဆေးဥပဒေအရအရေးယူသွားမယ် အသိပေးထားပါတယ်။
#mercury #mercurynews #ပြည်တွင်းသတင်း #ဆာဒူးကြီး #ဘီလူးငါးကောင်