၂၀၂၄ခုနှစ်၊အောက်တိုဘာလ၊(၂၂)ရက်
လှိုင်မြို့နယ်မှာ ရွှေသေတ္တာတွေကို လုယက်သွားတဲ့ဖြစ်စဉ်တွေဖြစ်ပွားခဲ့ပြီးနောက် ရွှေအသင်းမှ ရွှေပိုင်ရှင် တွေကိုလုံခြုံရေးသတိထားဖို့ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းမှ သတိပေးချက်ထုတ်ပြန် လိုက်တယ်လို့သိရပါတယ်။
ရန်ကုန်တိုင်းအတွင်း ရွှေဆိုင်ပိုင်ရှင်တွေအနေနဲ့ မိမိရွှေဆိုင်တွေမှာ CCTVတွေတပ်ဆင်ထားတဲ့အတိုင်း မိမိတို့ နေထိုင်တဲ့ အိမ်နေရာပတ်ဝန်းကျင်နဲ့ကားပါကင်နေရာတွေမှာ CCTV Cameraတွေတပ်ဆင်တာ၊ အရေးပေါ် Alarm Bellတွေတပ်ဆင်တာ၊မိမိတို့ရွှေ၊ငွေသယ်ဆောင်တဲ့ ကားတွေမှာ Cameraတွေတပ်ဆင်တာ၊ GPS စနစ်တွေထားရှိတာတို့ကို ကြိုတင်ပြင်ဆင်ထားပြီး ဒုစရိုက်လုယက်မှုတွေမဖြစ်ပေါ်အောင် ကာကွယ်နိုင်ဖို့ အသိပေးပန်ကြားချက်ထုတ်ပြန်ထားပါတယ်။
လှိုင်မြို့နယ်မှာ ရွှေသေတ္တာတွေကို လုယက်သွားတဲ့ဖြစ်စဉ်ကတော့ ကမာရွတ်မြို့နယ်ထဲမှာဖွင့်လှစ်ထားတဲ့ ရွှေယုံရွှေဆိုင်မှ ရွှေသေတ္တာသုံးလုံးနဲ့ ထည့်ထားတဲ့ရွှေငါးပိဿာကိုပိုင်ရှင်ကနေအိမ်(လှိုင်မြို့နယ်၊(၄)ရပ်ကွက်၊ အေးရိပ်မွန်လမ်းမကြီး၊ ခြံအမှတ်(၂))ရှေ့ သို့ကားနဲ့ပြန်ပို့ခိုင်းရာမှ သေနတ်နဲ့ပစ်ခတ်လုယက်သွားတယ်လို့ သိရပါတယ်။