Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရန်ကုန်မိုးကြီးပြီး အနိမ့်ပိုင်းရပ်ကွက်ရေဝင်ရောက်၊ရွှေပြည်သာ၌ရေဘေးရှောင်ရသူ(၁၆၀)ရှိခဲ့

———————————————————————-

၂၀၂၄ခုနှစ်၊အောက်တိုဘာလ၊(၂၂)ရက်

ရန်ကုန်မြို့မှာ အခုရက်ပိုင်းမိုးဆက်တိုက်ရွာနေတဲ့အတွက် ရွှေပေါက်ကံမြို့နယ်၊ရွှေပြည်သာနဲ့မြောက်ဒဂုံအပါအဝင် မြို့နယ်အချို့ရှိနေအိမ်တွေထဲကို ရေတွေဝင်လာတယ်လို့ သိရပါတယ်။

ရွှေပြည်သာမှာတော့ ရေဘေးရှောင်နေရသူ(၁၆၀)ဦးရှိတယ်လို့ ရွှေမေတ္တာလူမှုကူညီရေးအဖွဲ့မှ သိရပါတယ်။

လတ်တ‌လောမှာ ‌ရွှေပေါက်ကံမြို့နယ်ရှိနေအိမ်ခြံဝန်းတွေထဲမှာ ဒူးခေါင်းကျော်(၂)ပေကျော်၊(၃)ပေလောက်မြင့်တက် နေပြီးတိုက်ခန်းမြေညီထပ်တွေ၊ မီးဖိုချောင်တွေ၊ရေချိုးခန်းတွေ၊ဧည့်ခန်းတွေထဲထိ ဝင်ရောက်နေတယ်လို့ဆိုပါတယ်။

‘’မိုးကဆက်ရွာတာဆိုတော့ မနေ့ကစပြီးရေတွေဝင်လာတာ၊ဒီနေ့ပိုဆိုးလာတယ်။ ရွှေပေါက်ကံမှာရေကြီးတာက ငမိုးရိပ်ချောင်းရေလျှံတာဆိုတာထက်အဓိကကတော့ မိုးများပြီးရေမြောင်း တွေပိတ်လို့ဖြစ်တာဖြစ်ပါတယ်။ကိုယ့်ခြံထဲမှာ အိမ်သာမလုပ်ဘဲနဲ့ အိမ်နောက်ဘေးတွေက ရေဆင်းမြောင်းတွေပေါ်မှာ အိမ်သာဆာဗစ်ကျင်းတွေ လုပ်လာတယ်။ ဒါကြောင့် ရေဆင်းရမယ့် မြောင်းတွေပိတ်သွားပြီး ရေတွေကြီးပြီး နေအိမ်တွေထဲရေတွေဝင်နေတာဖြစ်ပါတယ်”လို့ ရွှေပေါက်ကံမြို့နယ်နေထိုင်သူတစ်ဦးက Mercury Newsကိုပြောပြပါတယ်။

ရွှေပြည်သာ၊မြောက်ဒဂုံ၊လှိုင်သာယာမြို့နယ်၊တောင်ဥက္ကလာမြို့နယ်၊သဃ်န်းကျွန်းမြို့နယ်၊အင်စိန်မြို့နယ်တွေ အပါအဝင်မြို့နယ်အချို့ရဲ့ အနိမ့်ပိုင်းနေရာတွေမှာနေအိမ်အတွင်းရေဝင်ရောက်မှုတွေဖြစ်ပေါ်နေပြီး ရွှေပြည်သာမှာ အောက်တိုဘာလ(၂၁)ရက်က လေပြင်းတိုက်ခတ်ကာ နေအိမ်အမိုးလန် ရေနစ်မြုပ်တာတွေဖြစ်ပေါ်ခဲ့လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ရွှေပြည်သာမြို့နယ်၊(၂၄)ရပ်ကွက်၊နှင်းပန်းလမ်းနေထိုင်သူတွေကို ဘေးလွတ်ရာသို့ ရွေ့ပြောင်းပေးခဲ့ရတယ်လို့သိရပါတယ်။