၂၀၂၄ခုနှစ်၊အောက်တိုဘာလ၊(၂၁)ရက်
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုတွေကြောင့်နေအိမ်အချို့အမိုးလန်ခြင်းများဖြစ်ပွားခဲ့တယ်လို့မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှသိရပါတယ်။
အောက်တိုဘာလ(၂၁)ရက်နေ့ နံနက်(၃)နာရီခန့်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုတွေကြောင့် အမှတ်(၁၉)ရပ်ကွက်၊ နှင်းပန်းလမ်းရှိ နေအိမ်တွေအမိုးလန်ခြင်း၊ ရေနစ်မြုပ်ခြင်းတွေဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။
ရွှေပြည်သာမြို့နယ်မှဒေသခံတစ်ဦးက’’ရွှေပြည်သာကရေဘေးသင့်သလိုပါပဲ။မနေ့ညကတည်းကမိုးဆက်တိုက်ရွာနေတာ။တစ်ညလုံးကိုနီးပါးကိုရွာတာ။ လေကလည်းတိုက်တာ အတော်ပြင်းတယ်။ကျွန်မတို့အိမ်အမိုးတွေတောင်လန်တယ်။ ရွှေပြည်သာမြို့နယ်ထဲကအချို့စက်ရုံ တွေတောင်ရေကြီးလို့ပိတ်တယ်လို့”MerMercury Newsကိုပြောပါတယ်။
အမိုးလန်သွားတဲ့နေအိမ်တွေနဲ့ရေဘေးသင့် အိမ်ထောင်စုတွေကို
ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနဲ့ ပူးပေါင်းအဖွဲ့များကဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့တယ်လို့သိရပါတယ်။
ဓါတ်ပုံ-မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့