၂၀၂၄၊အောက်တိုဘာလ၊၂၁ရက်
မြန်မာ့လက်ရွေးစင် ယူ-၁၇ အသင်းဟာ ၂၀၂၅ခုနှစ်၊ အာရှယူ-၁၇ ခြေစစ်ပွဲစဉ်တွေ ကစားဖို့အတွက် ဗီယက်နမ် နိုင်ငံကို ရောက်ရှိနေတယ်လို့သိရပါတယ်။
မြန်မာယူ-၁၇ အသင်းဟာ အာရှယူ-၁၇ ခြေစစ်ပွဲမှာ အုပ်စု (I) တွင် ကျရောက်နေပြီးဗီယက်နမ်၊ ယီမင်၊ ကာဂျစ္စတန် ယူ-၁၇ အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
မြန်မာယူ-၁၇ အသင်းကို အုပ်ချုပ်သူအဖြစ် ဦးစိုးမြတ်မင်း၊ နည်းပြချုပ်အဖြစ် ဦးအောင်ဇော်မျိုး၊ လက်ထောက်နည်းပြများအဖြစ် ဦးမြတ်မင်းသူ၊ ဦးထွန်းနောင်ဦး၊ ဂိုးနည်းပြအဖြစ် ဦးမြကိုမင်းတို့က တာဝန်ယူ ဆောင်ရွက်သွားကြမယ်လို့သိရပါတယ်။
မြန်မာ ယူ-၁၇ အသင်းဟာ အောက်တိုဘာ ၂၃ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၃း၃၀ နာရီမှာ ယီမင်၊ အောက်တိုဘာ ၂၅ ရက် မြန်မာစံတော်ချိန် ည ၆း၃၀ နာရီမှာ အိမ်ရှင် ဗီယက်နမ်၊ အောက်တိုဘာ ၂၇ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၃း၃၀ နာရီမှာ ကာဂျစ္စတန် အသင်းတို့နဲ့ ကစားရမှာ ဖြစ်ပါတယ်။