၂၀၂၄ခုနှစ်၊အောက်တိုဘာလ၊(၂၁)ရက်
စားအုန်းဆီဈေးတွေဟာ (၄)ပတ်ဆက်တိုက်ပြန်ကျလာပြီဖြစ်ပြီး အခုအပတ် ရည်ညွှန်းဈေး မှာ စားအုန်းဆီတစ်ပိဿာကို၆၂၆၅ကျပ် နဲ့ရောင်းချဖို့ သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။
အရင်အပတ်က စားအုန်းဆီတစ်ပိဿကို အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း၆၃၅၅ကျပ်ရှိခဲ့တဲ့ အတွက်ဈေးအနည်းငယ်ကျသွားဝာာဖြစ်ပါတယ်။
ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့တဲ့နိုင်ငံတွေမှာ ဈေးကွက်နဲ့ဈေးနှုန်းဖြစ်ပေါ်မှုတွေအရ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၂၁)ရက်မှ အောက်တိုဘာလ (၂၇)ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာကို ကျပ်၆၂၆၅နဲ့ရောင်းချရမယ်လိုထုတ်ပြန်ကြေညာထားပါတယ်။
ဈေးကစားဖို့ရည်ရွယ်ချက်နဲ့သိုလှောင်ခြင်းနဲ့မသမာတဲ့လုပ်ဆောင်မှုတွေပြုလုပ်ပါက အရေးကြီး ကုန်စည်နဲ့ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက် သွားမှာဖြစ်တယ်လို့အသိပေးထုတ်ပြန်ထားပါတယ်။