၂၀၂၄ခုနှစ်၊အောက်တိုဘာလ၊(၁၅)ရက်
ငှက်ပစ်တောင်ဘုရား၊သာယာဝတေ့ဘုရားအပါအဝင် ပုဂံဘုရား(၆)ဆူပေါ်မှာပေါက်နေတဲ့အပင်တွေကို ရှင်းလင်းဆောင်ရွက်နေတယ်လို့ Bagan Heritage Trustအဖွဲ့မှ သိရပါတယ်။
ပုဂံဘုရားတွေကို ထိခိုက်ပျက်စီးစေနိုင်တဲ့ အပင်တွေကို ပုဂံရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနနဲ့
ပုဂံအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့( Bagan Heritage Trust)တို့ပူးပေါင်းပြီးရှင်းလင်းနေတာဖြစ်ပါတယ်။
လတ်တလောမှာ ပုဂံဒေသရှိ ဘုရားအမှတ်(၈၁)၊ဘုရားအမှတ်(၃၈၈)၊ဘုရားအမှတ်(၂၀၁၉)၊ငှက်ပစ်တောင်ဘုရား၊ သာယာဝတေ့ဘုရားတို့အပေါ်မှာပေါက်နေတဲ့ အပင်တွေကို ဓါတုဆေးရည်ဖြင့်အပင်သတ်ခြင်းလုပ်ငန်းတို့ ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။