၂၀၂၄၊အောက်တိုဘာလ၊၁၂ရက်
တောင်ကိုရီးယားနိုင်ငံမှာကျင်းပခဲ့တဲ့ ၂၉ ကြိမ်မြောက် ဘူဆန်နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ မြန်မာဒါရိုက်တာ သည်မော်နိုင် ရိုက်ကူးတဲ့ “MA Cry of Silence“ ဇာတ်ကားဟာ “New Currents Award “ ကို ရရှိခဲ့ပါတယ်။
“MA Cry of Silence“ ဇာတ်ကားဟာ အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်နေတဲ့ ၁၈ နှစ်အရွယ် မြန်မာ မိန်းကလေးတစ်ယောက်ရဲ့ လုပ်ငန်းခွင်အတွင်းမှာအခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ဘဝအကြောင်းကို ရိုက်ကူးထား တာဖြစ်ပါတယ်။
“MA Cry of Silence“ ဇာတ်ကားရဲ့ဒါရိုက်တာ သည်မော်နိုင်က ဒီဇာတ်ကားဟာ ၇ နှစ် ကြာအောင် အချိန်ယူဖန်တီးခဲ့ရတာဖြစ်ပြီး အခုလို New Currents Award ဆုရရှိတဲ့အတွက် အဖွဲ့သားအားလုံးအတွက် ဂုဏ်ယူတယ် လို့ ဒါရိုက်တာ သူရဲ့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
ဘူဆန်နိုင်ငံတကာရုပ်ရှင်ပွဲတော်ဟာ အောက်တိုဘာ ၂ ရက်နေ့ကနေ ၁၁ နေ့အထိ ၁၀ ရက် အကြာ တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပခဲ့တာဖြစ်ပြီး “MA Cry of Silence“ ရုပ်ရှင်ဇာတ်ကားကိုမြန်မာ၊ ကိုရီးယား၊ စင်ကာပူ၊ ပြင်သစ်၊ နော်ဝေနဲ့ ကာတာနိုင်ငံတို့က ပူးပေါင်းထုတ်လုပ် ထားတာဖြစ်ပါတယ်။