——————————————–
၂၀၂၄ခုနှစ်၊အောက်တိုဘာလ၊(၁၂)ရက်
ကျောက်ပန်းတောင်းမှ မိတ္ထီလာမြို့သို့ မောင်းနှင်လာတဲ့(၆)ဘီးယာဉ်ဟာ တံတားလက်ရန်းဝင်တိုက်မိပြီး ယာဉ်ပေါ်ပါ အမျိုးသား(၃)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့မှ သိရပါတယ်။
အောက်တိုဘာလ(၁၂)ရက် မနက်အစောကြီးပိုင်း(၃)နာရီအချိန်ခန့်မှာ ကျောက်ပန်း တောင်း-မိတ္ထီလာလမ်းမကြီး၊ ထန်းချောက်တောကျေးရွာ အနီး၊ မိုင်တိုင်အမှတ် (၈/၃)နဲ့ (၈/၄)ကြားမှာ ကျောက်ပန်းတောင်းမှ မိတ္ထီလာမြို့သို့ မောင်းနှင်လာတဲ့ CANDA အမျိုး အစားအဖြူရောင် (၆)ဘီးယာဉ်ဟာ အထက်ရိုးတံတားလက်ရန်းကို ဝင်ရောက်တိုက်မိခဲ့ တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီ့ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ယာဉ်မောင်းအပါ ကျား(၃)ဦး ထိခိုက်ဒဏ်ရာရ (မစိုးရိမ် ရ)ခဲ့ပြီး သီးကုန်းအမြန်လမ်းကြက်ခြေနီတပ်ဖွဲ့မှ သူနာတင်ယာဉ်ဖြင့် မိတ္ထီလာပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါတယ်။
ယာဉ်တိုက်မှုဖြစ်စဉ်ကို မိတ္ထီလာခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သီးကုန်းအမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။