Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်ရေးနဲ့လူသားချင်းစာနာမှုဆိုင်ရာအကူအညီအဖြစ် ဒေါ်လာ သန်း(၁၂၀)ကျော်ကိုသြစတြေးလျကပံ့ပိုးမည်

၂၀၂၄ခုနှစ်၊အောက်တိုဘာလ၊(၁၁)ရက်

မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်ရေးနဲ့လူသားချင်းစာနာမှုဆိုင်ရာအကူအညီအဖြစ် ဒေါ်လာ သန်း(၁၂၀)ကျော်ကို ပေးအပ်ပံ့ပိုးမှာဖြစ်တယ်လို့ သြစတြေးလျသံရုံးကသတင်းထုတ်ပြန်ပါတယ်။

ဒီနေ့ (အောက်တိုဘာလ(၁၁)ရက်နေ့)မှာကျရောက်တဲ့ InternationalDayOfTheGirlChild မှာ သြစတြေးလျသံရုံးကထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံအနေနဲ့ ဒီနှစ်မှာ မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်ရေးနဲ့လူသား ချင်းစာနာမှုဆိုင်ရာအကူအညီအဖြစ် ဒေါ်လာ ၁၂၁.၄ သန်းကို ပေးအပ်ပံ့ပိုးမှာဖြစ်ပါတယ်လို့ထုတ်ပြန်ချက်အရသိရပါတယ်။

သြစတြေးလျနိုင်ငံရဲ့ကူညီပံ့ပိုးမှုတွေက ရောက်ရှိဖို့ခက်ခဲတဲ့ဒေသတွေ၊ ပဋိပက္ခဒဏ်ခံဒေသတွေရှိ ထိခိုက်လွယ်လူထုတွေနဲ့ အမျိုးသမီးများနဲ့မိန်းကလေးငယ်များအတွက် အစဥ်အမြဲအထူးပြုထားပြီး ကျန်းမာရေး၊ ပညာရေးနဲ့ အသက်မွေးမှုအပါအဝင် အရေးတကြီးလိုအပ်ချက်တွေနဲ့ ဆက်လက်လိုအပ်မြဲကဏ္ဍတွေအတွက် ဦးစားပေးထားပါတယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ်ကစပြီးဆင်းရဲနွမ်းပါးမှုနှစ်ဆဖြစ်လာတဲ့အပြင် ပြင်းထန်တဲ့ရာသီဥတုဖြစ်စဥ်တွေကိုအကြုံတွေ့ရဆုံးကမ္ဘာ့ဒုတိယနိုင်ငံဖြစ်လာပြီးအကြပ်အတည်းပိုမိုဆိုးရွားလာတာနဲ့အမျှ အမျိုးသမီးများနဲ့မိန်းကလေး ငယ်များရဲ့လူ့အခွင့်အရေး တွေကစိုးရိမ်ဖွယ် အခြေအနေရောက်လာတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

သြစတြေးလျနိုင်ငံနိုင်ငံအနေနဲ့ ကျားမတန်းတူညီရေးအတွက်ထားရှိတဲ့ ကုလသမဂ္ဂရဲ့ စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်တွေကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ဖို့နဲ့ အမျိုးသမီးများနဲ့မိန်းကလေးငယ်များအပေါ်အကြမ်းဖက်မှုပပျောက်စေရေးလုပ်ဆောင်ဖို့တို့အတွက် သန္နိဋ္ဌာန်ချထားတယ်လို့ဆိုပါတယ်။