Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရေဘေးသင့်တောင်သူများ ပြန်လည်စိုက်ပျိုးရန် အလှူငွေနှင့်ချေးငွေထုတ်ပေးမည်

————————————–

၂၀၂၄ခုနှစ်၊အောက်တိုဘာလ၊(၈)ရက်

ရေဘေးသင့်ဒေသတွေက ဝောာင်သူတွေအတွက်စိုက်ပျိုး‌ရေးလုပ်ငန်း‌တွေပြန်လည်ဆောင်ရွက်နိုင်ဖို့လှူဒါန်းငွေကျပ်သိန်း (၅၀၀၀)နဲ့အတိုးမဲ့ချေးငွေ ထုတ်ပေးနိုင်ဖို့အတွက်အရင်းမပျောက်မတည်ငွေအဖြစ် ကျပ်သိန်း (၁၂၅၀၀)ပါဝင်ကူညီဆောင်ရွက်ထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။

ရေဘေးသင့်ဒေသတွေမှာ ထိခိုက်၊ပျက်စီးတဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ တောင်သူလယ်သမားတွေအတွက် ပြန်လည်ထူထောင်ရေးဆောင်ရွက်ဖို့ကူညီပေးထားတာဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီအစီအစဉ်တွေအရ ဆန်အိတ်တွေ လှူဒါန်းတာ၊ မျိုးစပါးတွေ လှူဒါန်းတာ၊ ဓာတ်မြေဩဇာတွေ လှူဒါန်းတာ စတဲ့ အစီအစဉ်တွေအတွက် လှူဒါန်းငွေကျပ်သိန်း ၅၀၀၀ နဲ့ ပြန်လည်စိုက်ပျိုးနိုင်ရေး အတိုးမဲ့ချေးငွေ ထုတ်ပေးနိုင်ဖို့အတွက် တောင်သူ လယ်သမားအခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုး စီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနတို့ကတစ်ဆင့် အရင်းမပျောက်မတည်ငွေအဖြစ် ကျပ်သိန်း ၁၂၅၀၀ကို ထည့်ဝင်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။