၂၀၂၄ခုနှစ်၊အောက်တိုဘာလ၊(၈)ရက်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒုဥက္ကဋ္ဌနဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဟောင်းဒေါက်တာဇော်မြင့်မောင်ရဲ့ ဈာပနကို့ မန္တလေးပြည်သူများစွာက လိုက်ပါပို့ဆောင်ခဲ့ကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒေါက်တာ ဇော်မြင့်မောင်ဟာ ကွယ်လွန်ချိန်မှာ အသက် ၇၃ နှစ် အရွယ်ရှိပြီဖြစ်ပြီး ဒီကနေ့နံနက် ၁၀ နာရီမှာတောင်အင်းမြောက်အင်းသုသာန်သို့ ပို့ဆောင်မီးသဂြိုဟ်ရာ လမ်းတလျှောက် ဆိုင်ကယ်တွေ၊ကားတွေနဲ့ မြို့လုံးကျွတ်နီးပါးလိုက်ပါပို့ဆောင်ခဲ့ကြတယ်လို့သိရပါတယ်။
“မန္တလေးမှာတော့ဒေါက်တာဇော်မြင့်မောင်ဈာပနလောက်မြို့ခံတွေလိုက်ပါပို့ဆောင်တာမြင်ကိုမမြင်ဖူးသေးဘူး။ကားတွေရော၊ဆိုင်ကယ်တွေရောတော်တော်ကိုများတယ်။တလမ်းလုံးလည်းရပ်ပြီးနှုတ်ဆက်ကြတဲ့တွေကြီးတွေ့ရတယ်”လို့ အသက် သုံးဆယ်အရွယ်လူငယ်တစ်ယောက်ကပြောပါတယ်။
၂၀၂၁ ဖေဖော်ဝါရီ မှာစစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးအကျဉ်းချခံရသူဒေါက်တာဇော်မြင့်မောင် ဟာသွေးကင်ဆာရောဂါ ခံစားနေရသူတစ်ဦးဖြစ်ပြီး အောက်တိုဘာ ၇ ရက်က ကွယ်လွန်ခဲ့ခြင်းဖြစ်တယ်။
ဓါတ်ပုံ-မူရင်းဓါတ်ပုံပိုင်ရှင်ကိုCreditပေးပါသည်