Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းမှုကို ပြသသည့်အနေနှင့် အိန္ဒိယသံရုံးမှ လွမ်းသူ့ပန်းခွေပေးပို့

၂၀၂၄၊အောက်တိုဘာလ၊၈ရက်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ နှင့် မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင် ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၇) ရက်နေ့မှာ ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြေကွဲရကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးကထုတ်ပြန်လိုက်ပါတယ်။

ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ခြင်းအတွက် မိသားစုများနှင့် ထပ်တူအထူးဝမ်းနည်းကြေကွဲရသလို ဝမ်းနည်းမှုကို ပြသခြင်းအဖြစ် မန္တလေးမြို့အခြေစိုက် အိန္ဒိယ ကောင်စစ်ဝန်ချုပ် Mr. Sundeep Kaushal ဟာ ဈာပနသို့သွား‌ရောက် လွမ်းသူ့ပန်းခွေပေးပို့ခဲ့တယ် လို့ အိန္ဒိယသံရုံးက ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ခြင်းအတွက် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံရုံး အပါအဝင် နိုင်ငံတကာသံရုံးအများစုက အထူးဝမ်းနည်းကြောင်းထုတ်ပြန်ထားကြပါတယ်။