၂၀၂၄ခုနှစ်၊အောက်တိုဘာလ၊(၈)ရက်
မှော်ဘီမြို့နယ်မှာ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီးအရေးပေါ်လူနာ(၁၀)ဦးကျော်ဆေးရုံသို့ပို့ထားခဲ့ရတယ်လို့ သိရပါတယ်။
အောက်တိုဘာလ(၇)ရက် ညနေပိုင်းမှာရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ပြည်လမ်း၊ သန္ဓေပင်ကျေးရွာ၊ အသုံးလုံး မှတ်တိုင်အနီးမှာ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပါတယ်။
ယာဉ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ကျား(၂)ဦး၊ မ(၈)ဦး မစိုးရိမ်ရတို့ကို မေတ္တာမြိုင်လူမူအသင်းကား၊ စေတနာမွန်လူမူရေးအသင်းကား၊ မြို့မလူမူရေးအသင်းကား၊ မြင့်မြတ်လူမူရေးအသင်းကား နှင့်မဇ္ဈိမလှိုင်းလူမူရေးအသင်းကား တွေနဲ့ မှော်ဘီမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ကြက်ဖြူကန်ကျေးရွာအပိုင် ရန်ကုန် – ပြည် ကားလမ်းမပေါ်
ဒေဝူး ဖယ်ရီကားမှောက်ခဲ့ပြီးနေရာမှာ ကွယ်လွန်သူ မ (၁)ဦး၊ဆေးရုံရောက် အန္တရာယ်ကြီးသူမ (၁)ဦး၊
(အသက်အန္တရာယ်စိုးရိမ်ရ)နဲ့ကားဒရိုင်ဘာ ကျား (၁)ဦး၊မှော်ဘီဆေးရုံ မှ ရန်ကုန်ဆေးရုံ လွှဲ
အရေးပေါ်လူနာ (၈)+(၄) ဦးနဲ့ထိခိုက်ရှနာ(မစိုးရိမ်ရ) (၃၀)ခန့်ရှိတယ်လို့ မှော်ဘီမြို့နယ်ရှိလူမှုကူညီရေး အသင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။