Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြေကွဲကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံရုံးထုတ်ပြန်

၂၀၂၄၊အောက်တိုဘာလ၊၇ရက်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ နှင့် မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင် ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၇) ရက်နေ့မှာ ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြေကွဲရကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံရုံးကထုတ်ပြန်လိုက်ပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ ၁၉၈၈ ခုနှစ်မှ ၂၀၀၉ ခုနှစ် အတွင်း မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကို လမ်းညွှန်ပေးခဲ့သည့် လူထုခေါင်းဆောင်တစ်ဉီးဖြစ်သလို ၊မမှန်ကန်တဲ့ နိုင်ငံရေးစွဲချက်တွေနဲ့ ဖမ်းဆီးပြီး လုံလောက်သည့် ဆေးကုသမှုကို မပေးဘဲမကွယ်လွန်ခင် နာရီပိုင်းအလိုမှ လွတ်ငြိမ်းသက်သာခွင့်ကို ပေးတာက စစ်မှန်တဲ့သနားကြင်နာမှု မဟုတ်ဘူးလို့ ဥရောပသမဂ္ဂ သံရုံးက ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဥရောပသမဂ္ဂဟာ မြန်မာပြည်သူတွေနဲ့အတူ ခိုင်မာစွာ ရပ်တည်နေမှာဖြစ်ပြီး မတရားဖမ်းဆီး ထိန်းသိမ်းထားခံရသူတွေအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့တောင်းဆိုတယ်လို့ လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

Close menu