Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရေဘေးသင့်ဒေသများအတွက် ဂီတအစည်းအရုံးမှ  ရန်ပုံငွေတေးဂီတဖျော်ဖြေပွဲကျင်းပမည်


၂၀၂၄ခုနှစ်၊အောက်တိုဘာလ၊(၇)ရက်

ရေဘေးသင့်ဒေသတွေအတွက် မြန်မာနိုင်ငံဂီတအစည်းအရုံးကဦးစီးပြီး  ရန်ပုံငွေတေးဂီတဖျော်ဖြေပွဲကို အောက်တိုဘာလ(၁၁)ရက်၊ရန်ကုန်အမျိုးသားကဇာတ်ရုံမှာကျင်းပဖို့ရှိတယ်လို့  သိရပါတယ်။

မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)မှ ဦးစီးပြီး “ကူညီကမ်းဆက် ဂီတလက်ဖြင့်” ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေဂီတဖျော်ဖြေပွဲ အစီအစဉ်ကျင်းပသွားမှာဖြစ်ပါတယ်။

အဲဒီ့ရန်ပုံငွေဂီတဖျော်ဖြေပွဲမှာ တေးသံရှင်ကိုင်ဇာ၊ မျိုးကျော့မြိုင်၊ စည်သူလွင်၊ ဂရေဟမ်၊ ကောင်းဆက်၊ ဇော်ပိုင်၊ ပူစူး၊ နောနော်၊ အောင်လ၊ သာဒီးလူ၊ ဝန၊ အောင်ထက်၊ L ဆိုင်းဇီ၊ နီနီခင်ဇော်၊ ရတနာမိုင်၊ ပိုပို၊ ပန်းရောင်ခြယ်၊ ယွန်းမြတ်သူ၊ ဇွဲပြည့်၊ ဆိုင်စံနှင့် နေမင်းအိမ်တို့က မြူးကြွလန်းဆန်းတဲ့ တေးသီချင်းတို့နဲ့ ဖျော်ဖြေသွားမှာဖြစ်ပါတယ်။

“မြန်မာနိုင်ငံဂီတအစည်းအရုံးကဦးစီးပြီး  ရန်ပုံငွေတေးဂီတဖျော်ဖြေပွဲကို အောက်တိုဘာလ(၁၁)ရက်၊ရန်ကုန်အမျိုးသားကဇာတ်ရုံမှာကျင်းပဖို့ရှိတယ်။ရရှိလာတဲ့ လက်မှတ်ခတွေနဲ့ ဂီတအစည်းအရုံးကို လာလှူထားတဲ့ အလှူငွေတွေကို သွားရောက်လှူဒါန်း သွားမှာဖြစ်ပါတယ်”လို့ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)မှတာဝန်ရှိသူတစ်ဦးက ပြောပြထားပါတယ်။

ရန်ပုံငွေပွဲမှာ ပါဝင်လှူဒါန်းကြည့်ရှုနိုင်ဖို့ လက်မှတ်‌ တွေကို Junction City (ဗိုလ်ချုပ်လမ်း)(၄)လွှာ Music Box ၊  Junction Square (Secret Garden) ပြည်လမ်း Music Box ၊ အလုံလမ်းနဲ့ ပြည်လမ်း ထောင့်ရှိ Yangon International Hotel Music Box ၊ တာမွေမြို့နယ်ရှိ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) ရုံး၊ အမျိုးသားကဇာတ်ရုံတို့မှာ (ရုံးချိန်အတွင်း) နဲ့ Online မှ K Pay နဲ့၀၉ ၂၅၂၈၀၄၃၀၈ သို့ လက်မှတ် တစ်စောင်ကို ငွေကျပ် ၂၀၀၀၀၊ ၃၀၀၀၀၊ ၅၀၀၀၀ နှုန်းဖြင့် ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။