————————————-
၂၀၂၄ခုနှစ်၊အောက်တိုဘာလ၊(၇)ရက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဒုတိယဥက္ကဋ္ဌ နဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ဇော်မြင့်မောင် ကွယ်လွန်သွားတယ်လို့ သိရပါတယ်။
“ကွယ်လွန်သွားတယ်ဆိုတာဟုတ်ပါတယ်။ကျွန်တော်တို့အနေနဲ့ မန္တလေးမှာကျင်းပမယ့် ဈာပနပွဲကိုလည်းသွားဖို့ပြင်နေပါတယ်”လို့ NLDပါတီဝင် တစ်ဦးက Mercury News ကိုအတည်ပြုပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဒုတိယဥက္ကဋ္ဌ နှင့် မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်ဟာ မန္တလေးဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင် (ICU)မှာ အောက်တိုဘာ ၇ ရက် နံနက် ၃ နာရီအချိန်မှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ ဆိုပါတယ်။
ဒေါက်တာဇော်မြင့်မောင်ရဲ့စျာပနကို မနက်ဖြန် အောက်တိုဘာ ၈ ရက် မနက်မှာ ကျွဲဆည်ကန်နေအိမ်ကနေ တောင်အင်းမြောက်အင်းသုဿန်သို့ ပို့ဆောင်မီးသဂြိုလ်မယ်လို့ သိရပါတယ်။