Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဖုန်းဝယ်ပေးမည်ဆိုပြီးကျိုင်းတုံ၌မိန်းကလေးငယ်(၆)ဦး လူကုန်ကူးခံရ

——————————————————————————————————–

၂၀၂၄ခုနှစ်၊အောက်တိုဘာလ၊(၅)ရက်

ကျောင်းထားပေးမယ်၊ဖုန်းဝယ်ပေးမယ်ဆိုပြီး ကျိုင်းတုံဒေသမှာနေထိုင်တဲ့ အသက်(၄)နှစ်နဲ့(၁၃)နှစ်အရွယ်သာရှိသေးတဲ့မိန်းကလေးငယ်(၆)ဦး လူကုန်ကူးခံရတယ်လို့ သိရပါတယ်။

တစ်ရွာတည်းမှာနေထိုင်သူတစ်ဦးက ဟိုတောင်းမြို့ရှိသူဌေးအိမ်မှာနေထိုင်ပြီး တရုတ်စာသင်ကျောင်းထားပေးမယ်၊ဖုန်းဝယ်ပေးမယ်၊ လိုချင်တာဝယ်ပေးမယ်ဆိုပြီးစည်းရုံးကာအဓမ္မအလုပ်ခိုင်းစေဖို့ရောင်းစားခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

လူကုန်ကူးမှုကျူးလွန်သူကို ကျိုင်းတုံရဲစခန်းမှ တရားစွဲဆိုခဲ့ပြီး လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ(၃၅)အရအလုပ်နှင့်ထောင်ဒဏ် (၁၂)နှစ်ချမှတ်ခဲ့တယ်လို့သိရပါတယ်။