၂၀၂၄၊အောက်တိုဘာလ၊၃ရက်
ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ အက်စတွန်ဗီလာအသင်းနဲ့ဘိုင်ယန်မြူးနစ်အသင်းတို့ ပွဲစဉ်မှာ အက်စတွန်ဗီလာအသင်းက အနိုင်ရရှိသွားခဲ့ပါတယ်။
တစ်ပွဲလုံးအနေအထားအရ ဘိုင်ယန်မြူးနစ်ကပိုကောင်းတဲ့အသင်းဖြစ်ခဲ့ပေမဲ့ အက်စတွန်ဗီလာအသင်းက ဂျွန်ဒူရမ်ရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။
အက်စတွန်ဗီလာအသင်းဟာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဘိုင်ယန်မြူးနစ်နဲ့ ကစားခဲ့ရပြီးတဲ့နောက်မှာ ပရီးယားလိဂ်ပွဲစဉ်အဖြစ် မန်ချက်စတာယူနိုက်တက်နဲ့ ယှဉ်ပြိုင်ကစားရအုံးမှာဖြစ်ပါတယ်။
#mercury#mercurynews#ချန်ပီယံလိဂ်#အားကစားသတင်း#ဘိုင်ယန်မြူးနစ်