Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရေလှောင်တမံ(၄၃)ခုရေပိုလွှဲမှရေကျော်လွန်နေ

၂၀၂၄ခုနှစ်၊အောက်တိုဘာလ(၂)ရက်

ရေလှောင်တမံ(၄၃)ခု ရေပိုလွှဲကနေ ရေကျော်လွန်နေတယ် လို့ဆည်မြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေးဥ◌ီးစီးဌာနက အောက်တိုဘာလ(၂)ရက်နေ့ကသတင်းထုတ်ပြန်လိုက်ပါတယ်။

တိုင်းနဲ့ပြည်နယ်အသီးသီးမှာရှိတဲ့ရေလှောင်တမံ(၄၂)ခုနဲ့ကန်(၁)ခု ကရေပိုလွှဲကရေကျော်နေတာဖြစ်ပြီးစိုးရိမ်စရာမရှိဘူးလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ရေလှောင်တမံများနဲ့ရေရေထိန်းတမံများကြံခိုင်မှုကောင်းမွန်နေပြီးတာဝန်ကျဝန်ထမ်းများ(၂၄)နာရီရေကင်းတာဝန်ချထားပြီးအနီးကပ်စောင့်ကြပ်စစ်ဆေးနေတယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံမှာမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ၊မြေပြိုမှုတွေဖြစ်ပေါ်ပြီးလူပေါင်းရာချီသေဆုံးခဲ့ပြီး လက်ရှိအချိန်ထိ မိုးအဆက်မပျက်ရွာသွန်းနေမှုတွေကြောင့် ဆည်များရဲ့ကြံံခိုင်မှုနဲ့ပတ်သက်ပြီး စိုးရိမ်မှုများစွာဖြစ်ပေါ်နေကြပါတယ်။