Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဧရာဝတီမြစ်၊ချင်းတွင်းမြစ်အပါအဝင်မြစ်‌ရေများအခုအပတ်အတွင်းထပ်တိုးရန်ရှိ

———————————————————————————————–

၂၀၂၄ခုနှစ်၊အောက်တိုဘာလ၊(၁)ရက်

မြန်မာနိုင်ငံမှာရှိတဲ့ ဧရာဝတီမြစ်၊ချင်းတွင်းမြစ်စတဲ့မြစ်ရေတွေဟာ အခုအောက်တိုဘာလပထမပတ်(၁၀)ရက်တာအတွင်း ထပ်တိုးဖို့ရှိတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။

ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနား၊ဗန်းမော်၊ရွှေကူ၊ကသာ၊သပိတ်ကျင်း၊မန္တလေးနဲ့စစ်ကိုင်းတို့မှာ ၂ပေမှ ၅ပေခန့်နဲ့ မြင်းမူ၊ပခုက္ကူ၊ ညောင်ဦး၊ချောက်၊မင်းဘူး၊မကွေး၊အောင်လံ၊ပြည်၊ဆိပ်သာ၊ဟင်္သာတ၊ဇလွန်တို့မှာ (၁)ပေမှ (၁)ပေခွဲအထိမြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။

ချင်းတွင်းမြစ်ရေဟာလည်းမြို့(၇)မြို့မှာ (၂)ပေကနေ(၅)ပေခန့်လက်ရှိရေအမှတ်အထက်မြင့်တက်လာနိုင်သလို မြစ်သာမြစ်ရေ ဟာလည်း ကလေးမြို့မှာ(၂)ပေခန့်မြင့်တက်လာနိုင်ပါတယ်။

ဒုဌဝတီမြစ်၊စစ်တောင်းမြစ်၊ရွှေကျင်မြစ်၊ပဲခူးမြစ်၊သံလွင်မြစ်၊သောင်ရင်းမြစ်၊ငဝန်မြစ်၊တိုးမြစ်၊ဘီးလင်းမြစ်ရေတို့ဟာလည်း လက်ရှိအမှတ်အထက်ပေဝက်မှ ၃ပေခန့်မြင့်တက်လာနိုင်တယ်လို့ သိရပါတယ်။