—————————————–
၂၀၂၄ခုနှစ်၊အောက်တိုဘာလ(၁)ရက်
မန္တလေးပြည်သူ့ဆေးရုံ၊နှလုံးအထူးကုသဆောင်မှာမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်လို့မြန်မာနိုင်ငံမီး သတ်တပ်ဖွဲ့မှ သိရပါတယ်။
အောက်တိုဘာလ(၁)ရက် မနက်အစောကြီးပိုင်း
၀၅နာရီ ၂၀မိနစ်အချိန်ခန့်မှာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးပြည်သူ့ဆေးရုံ၊ နှလုံးအထူးကုဆောင်မှာ မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
မီးလောင်ကျွမ်းမှုကို ချမ်းအေးသာစံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာလျက်ရှိပြီး၀၅နာရီ ၄၀မိနစ်အချိန်ခန့်မှာမီးငြိမ်းသွားပါတယ်။
အဆိုပါမီးလောင်မှုကြောင့် ဆေးရုံရှိ လူတွေ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့လည်း မြန်မာနိုင်ငံမီး သတ်တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။