၂၀၂၄၊အောက်တိုဘာလ၊၁ရက်
အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ ပြင်သစ်တိုက်စစ်မှုး ဂရစ်မန်းဟာ နိုင်ငံလက်ရွေးစင်ကစားသမားဘဝကနေ အနားယူပြီလို့ တရားဝင်ကြေညာလိုက်ပါတယ်။
ဂရစ်မန်းဟာ ပြင်သစ်နိုင်ငံအသင်းအတွက် ၁၃၇ပွဲ ကစားပေးခဲ့ပြီး၄၄ဂိုးသွင်းယူပေးခဲ့သလို၂၀၁၈ကမ္ဘာ့ဖလားချန်ပီယံ အသင်းသားတစ်ဦးလည်း ဖြစ်ပါတယ်။
အသက်၃၃နှစ်ရှိပြီဖြစ်တဲ့ ဂရစ်မန်းဟာ ပြင်သစ်နိုင်ငံအသင်းနဲ့အတူ တစ်ဉီးချင်းအောင်မြင်မှုတွေရရှိခဲ့သလို ပြင်သစ်လက်ရွှေးစင်အသင်းသမိုင်းတစ်လျှောက် ဂိုးဖန်တီးမှု အများဆုံးပြုလုပ်ထားတဲ့ ကစားသမားဖြစ်ပါတယ်။