—————————————–
၂၀၂၄ခုနှစ်၊စက်တင်ဘာလ၊(၃၀)ရက်
ချမ်းမြေ့ဆရာတော်ကြီးမ,တည်ဦးစီးပြီး အလှူရှင်တွေ၊ ကနောင် နာရေး/ရှင်ရေး ကူညီမှုအသင်း(အင်းစိန်)တို့ပူးပေါင်းပြီး ဝောာင်ငူရှိရေဘေး သင့်ပြည်သူ(၁၈၅၀)ဦးအတွ က်ပြန်လည်ထူထောင်ရေးပစ္စည်းတွေလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ စစ်တောင်းမြစ် အရှေ့ဘက်ကမ်းရှိ ရေဘေးသင့်ကျေးရွာတွေဖြစ်တဲ့ ကမ်းနီကျေးရွာ အိမ်ထောင်စု – ၁၀၊ ညောင်စခန်းကျေးရွာ အိမ်ထောင်စု – ၂၆၀ ၊ကျွန်းတောကျေးရွာ အိမ်ထောင်စု -၆၀နဲ့ ငုတ်တောကျေးရွာ အိမ်ထောင်စု – ၂၀ ၊စုစုပေါင်းလူဦးရေ (၁၈၅၀) အတွက်အိမ်ထောင်စုတစ်ခုစီကိုလိုအပ်တဲ့ ထောက်ပံ့ရေးပစ္စည်းတွေလှူဒါန်းခဲ့တာဖြစ်ပါတယ်။
လှူဒါန်းမှုပစ္စည်းတွေအနေနဲ့ အိမ်ထောင်စု (၃၅၀) တို့အတွက်ထမင်းချက်ဒန်အိုး (လေးလုံးချက်) ၁ လုံး၊ ဟင်းချက်ဒန်အိုးကင်း (၁) လုံး၊ စတီးဇွန်ကြီး (၁) ချောင်း၊စတီးဇွန်း (၆) ချောင်း၊ဓါတ်ခဲ + လက်နှိပ်ဓါတ်မီး (၁) စုံ၊၆။ စတီးဇလုံ (၂) လုံး၊မုန့်ထုပ် + လ္ဘက်စုံ (၁) ထုပ်၊ဖော့ဖိနပ် (၁)ရံ၊ ဆပ်ပြာ + မီးခြစ် ၊အညာစောင် (၁)ထည်၊ ငွေသား ကျပ် (၃) သောင်းစီနဲ့ အိမ်ထောင်စု တစုကို ကျပ်(၁) သိန်းဖိုးခန့် သွားရောက်ပေးအပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
ဓါတ်ပုံ-ချမ်းမြေ့ဆရာတော်ဘုရားကြီးယခင်ဓာတ်ပုံ