Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရန်ကုန်မြစ်ရေ (၃)ရက်တိတိထူးကဲဒီရေတက်နိုင်


၂၀၂၄ခုနှစ်၊စက်တင်ဘာလ၊(၂၈)ရက်

ရန်ကုန်မြစ်ရေထူးကဲဒီရေတက်ဖို့ရှိပြီး အောက်တို ဘာလ(၃)ရက်ကနေ (၆)ရက်အတွင်း ရန်ကုန်မြစ်အတွင်း သာမန်ထက် ထူးကဲဒီရေတက်နိုင်တယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က အသိပေး ထုတ်ပြန်ထားပါတယ်။

ရန်ကုန်မြစ်ရဲ့ အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ( ၂၀)ဒသမ(၀၁)ပေခန့်ကနေ(၂၀) ဒသမ (၁၈) ပေခန့်အထိ မြင့်တက်လာနိုင်တယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ခန့်မှန်းထားပြီး မြစ်ကမ်းနားဒေသတွေမှာ နေထိုင်ကြသူတွေ သတိထားကြဖို့ ထုတ်ပြန်ထားပါတယ်။ 

ဒီရေတက်ချိန်မှာ ပင်လယ်နဲ့နီးတဲ့ပင်လယ်ကမ်းရိုး တန်းဒေသတွေ၊ရန်ကုန်မှာဆိုရင် ပင်လယ်မြစ်ဝနဲ့နီးတဲ့သန်လျင်၊ခရမ်းသုံးခွစတဲ့နေရာဒေသတွေ၊ပုစွန်‌ တောင်‌ချောင်း၊ငမိုးရိပ်‌ ချောင်းနဲ့နီးတဲ့‌ နေရာတွေမှာ ရေတက်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။