၂၀၂၄ခုနှစ်၊စက်တင်ဘာလ၊(၂၇)ရက်
မြန်မာရေဘေးသင့်ပြည်သူတွေအတွက် Korean Association in Myanmarမှကျပ်သိန်း (၅၀၀)နဲ့ ကျပ်သိန်း(၁၈၀၀)ကျော်တန်ဖိုးရှိပစ္စည်းတွေလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
ရေဘေးသင့်ပြည်သူတွေအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းရဲ့ လူမှုကရုဏာအကူအညီပေးရာမှာ အသုံးပြုဖို့Korean Association in Myanmarအနေနဲ့ အလှူငွေနဲ့ ထောက်ပံ့ပစ္စည်းတွေကို စက်တင်ဘာလ (၂၆) ရက်နေ့က အသင်းရန်ကုန်ရုံးခွဲသို့ လှူဒါန်းခဲ့တာဖြစ်ပါတယ်။
အဲဒီ့လိုလှူဒါန်းရာမှာ အလှူငွေသိန်း (၅၀၀)ကျပ်နဲ့ သိန်း (၁၈၀၀) ကျော် တန်ဖိုးရှိတဲ့ ဆီ (၂၉၉) ဗူး၊ အဝတ်အထည် (၈၆၂၀) ထည်နဲ့ ဒယ်အိုး (၁၂၀) လုံးတို့ကို Korean Association in Myanmar မှ တာဝန်ရှိသူတွေက မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ လွှဲပြောင်းလှူဒါန်းခဲ့ရာ အသင်းဥက္ကဌ ပါမောက္ခဒေါက်တာမျိုးညွန့်နဲ့အချိန်ပြည့်အလုပ်အမှုဆောင်များက လက်ခံရယူခဲ့တယ်လို့ သိရပါတယ်။