Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အမည်ပျက်စာရင်းထည့်သွင်းခံထားရသည့်ကုမ္ပဏီ(၅၉)ခုကို ပို့ကုန်ရငွေများပြန်သွင်းပြီးဖြစ်၍အမည်ပျက်စာရင်းမှ ပယ်ဖျက်လိုက်


၂၀၂၄ခုနှစ်၊စက်တင်ဘာလ၊(‌၂၇)ရက်

ပို့ကုန်ရငွေတွေပြန်သွင်းပြီးဖြစ်လို့ ကုမ္ပဏီ(၅၉)ခုကို အမည်ပျက်စာရင်း(အမည်မည်းစာရင်း)မှ ပယ် ဖျက်လိုက်တယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

(၂၀၁၉)ခုနှစ်မှာ ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်းမရှိတဲ့ ကုမ္ပဏီ (၁၃၇)ခုကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ အမည်မည်း စာရင်းသွင်းပြီးအရေးယူဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

အရေးယူခံရတဲ့ ကုမ္ပဏီ (၁၃၇)ခုအနက် ကုမ္ပဏီ (၅၉)ခုမှာ ပို့ကုန်ရငွေ အပြည့်အဝပြန်လည်ဝင်ရောက်ပြီးဖြစ်လို့ အဲဒီ့ ကုမ္ပဏီ (၅၉)ခုနဲ့ပူးတွဲဖော်ပြထားတဲ့ ကုမ္ပဏီတွေရဲ့ဒါရိုက်တာအဖွဲ့ဝင်တွေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ အမည်မည်းစာရင်းမှ ပယ်ဖျက်လိုက်ပြီးပယ်ဖျက်လိုက်တဲ့ ကုမ္ပဏီတွေစာရင်းကို စက်တင်ဘာလ(၂၇)ရက်ထုတ်နိုင်ငံပိုင်သတင်းစာမှ ဖော်ပြထားတယ်လို့ သိရပါတယ်။