————————————-
၂၀၂၄ခုနှစ်၊စက်တင်ဘာလ၊(၂၆)ရက်
ရေနစ်မြုပ်နေတဲ့ အင်းလေးဒေသရှိကျေးရွာတွေမှာ လျှပ်စစ်မီးမရသေးလို့ဆိုလာမီးအိမ်တွေအရေးပေါ်လိုအပ်နေတယ်လူမှုကူညီရေးအဖွဲ့တွေထံမှ သိရပါတယ်။
အင်းလေးဒေသအတွက် ဆိုလာမီးအိမ်ရာချီလိုအပ်နေပြီး အဲဒီ့ဒေသမှာဝယ်မရလောက်အောင် ပစ္စည်း ပြတ်သွားလို့ ရန်ကုန်ကနေဝယ်ပြီးတော့ ပို့ဆောင် လှူဒါန်းပေးဖို့လိုအပ်တယ်လို့ လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတွေကပြောပါတယ်။
လတ်တလောမှာ ဆိုလာမီးအိမ်တစ်ခုကို ရန်ကုန်မှာကျပ် (၁၅၀၀၀)နဲ့ဝယ်ယူပြီး လှူဒါန်းသူတွေရှ်ိနေသလို ဆိုလာဓာတ်မီးတွေကိုဝယ်ယူလှူဒါန်းသူတွေ လည်းရှိနေပါတယ်။
အင်းလေးဒေသမှာ ကျေးရွာ(၁၇၀)ကျော် ရေနစ်မြုပ်ခဲ့ပြီး အခုချိန်အထိအကူအညီလုံးဝမရသေးတဲ့ ကျေးရွာ(၃၀)နီးပါးရှိသေးတယ်လို့ သိရပါတယ်။