Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရန်ကုန်မိုးများ၍ ငမိုးရိပ်ဆည်ရေပိုလွှဲမှ (၃)ပေနီးပါးကျော်လာ

—————————————–

၂၀၂၄ခုနှစ်၊စက်တင်ဘာလ၊(၂၆)ရက်

ရန်ကုန်မှာ မိုးပြန်များလာတဲ့အတွက် အခုရက်ပိုင်းအတွင်းငမိုးရိပ်ဆည်ဟာရေပိုလွှဲမှ (၃)ပေနီးပါးကျော်လာတယ်လို့ သိရပါတယ်။

စက်တင်ဘာလ(၂၂)ရက်မှာ ငမိုးရိပ်ဆည်ရဲ့ ရေပိုလွှဲမှ (၁.၇၅)ပေသာကျော်လွန်ခဲ့ပေမယ့် စက်တင်ဘာလ(၂၅)ရက်မှာတော့ ရေပိုလွှဲမှ (၂.၉၀)ပေအထိကျော်လွန်ရောက်ရှိခဲ့ပါတယ်။

ဒီကနေ့စက်တင်ဘာလ(၂၆)ရက်မှာတော့ ငမိုးရိပ်ဆည်ရဲ့ ရေပိုလွှဲမှ(၂.၇၀)ပေ ကျော်လွန်‌နေပါတယ်။

လတ်တလော ငမိုးရိပ်ဆည်ရဲ့ ရေပိုလွှဲမှ ရေကျော်အမှတ်ဟာ စိုးရိမ်အမှတ်နားနီးလာပြီး စိုးရိမ်ရေအမှတ်ကိုတော့မရောက်ရှိသေး ပေမယ့် ငမိုးရိပ်‌ ချောင်းအနီးမြေနိမ့်ပိုင်းရပ်ကွက်‌ တွေရေဝင်ရောက်နိုင်လို့ သတိပြုဖို့လိုအပ်တယ်လို့ သိရပါတယ်။